ဆီးရီးယားသည် ဆီးရီးယားဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ နေရပ်မြေသို့ ပြန်နိုင်ရေး အား ဦးစားပေး လုပ်ဆောင်နေကြောင်း ဆီးရီးယားသမ္မတBashar al-Assad က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြောကြား ခဲ့သည်။
အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သော ဆီးရီးယားသတင်းအေဂျင်စီမှ သတင်းအရ ၂၀ ရက်နေ့တွင် Bashar al-Assad သည် အလည်အပတ်ရောက်ရှိနေသော ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Safadi နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းလုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ဆီးရီးယား ဒုက္ခသည်ပြဿနာဆိုင်ရာများ ဆွေးနွေးချိန်တွင် ဆီးရီးယား ဒုက္ခသည် များ နေရပ်မြေသို့ ပြန်နိုင်ရန်အတွက် လိုအပ်သော ဥပဒေနှင့် ဥပဒေပြုရေးကို လုပ်ဆောင်ရာမှာ သိသာထင်ရှားသော တိုးတက်မှု ရရှိခဲ့သည်ဟု Basharက ပြောကြားခဲ့သည်။