အောက်တိုဘာလ ၂၀ရက်နေ့ နံနက်စောစောပိုင်း ၅နာရီခွဲက စင်္ကာပူနိုင်ငံ၌ Shellကုမ္ပဏီ၏ ကုန်းတွင်းရေနံပိုက်လိုင်းသည် ရေနံယိုစိမ့်မှုဖြစ်ပွားခဲ့သောကြောင့် Pulau Bukom ကျွန်း နှင့် Pulau Bukomကျွန်းလေးအကြားရှိ ပင်လယ်ရပ်ဝန်းတွင် ပင်လယ်ရေ ညစ်ညမ်းနေမှုကို တွေ့ရှိခဲ့ပါသည်။
လက်ရှိအချိန်တွင် Shellကုမ္ပဏီသည် ရေနံယိုစိမ့်ရာနေရာအနီးတွင် ရေနံတား အကာအရံ များကို တပ်ဆင်ပြီဖြစ်သည့်အပြင် ရေနံရှင်းလင်းရန် သင်္ဘောကို စေလွှတ်ခဲ့ပါသည်။