ဂါဇာကမ်းမြောင်ဒေသ၌ လုံခြုံသောနေရာမရှိသောကြောင့် စစ်ပွဲရပ်စဲရသည်ဟု ကုလသမဂ္ဂ အရှေ့အလယ်ပိုင်းပြဿနာဆိုင်ရာ အထူးသံတမန် ဆို

(GMT+08:00)2024-10-21 14:27:02  

အောက်တိုဘာလ ၂၀ရက်နေ့က ကုလသမဂ္ဂ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် အထူးညှိနှိုင်းသူ Tor Wenneslandက ဂါဇာကမ်းမြောင်ဒေသအခြေအနေနှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ကာ ယခုလ ၁၉ရက်နေ့ညက အစ္စရေးမှ ဂါဇာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ သောကြောင့် Beit Lahiya၌ လူ၃၊၄ဆယ် သေဆုံး ဒဏ်ရာ ရရှိခဲ့ ကြောင်း အပြစ်တင် ပြောကြား ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ၌ လုံခြုံ သော နေရာ တစ်နေရာမှ မရှိသောကြောင့် စစ်ပွဲရပ်စဲရသည်ဟု ပြောကြားခဲ့ပါသည်။

Tor Wenneslandသည် အရပ်သူအရပ်သားများအား ဆက်တိုက် တိုက်ခိုက်မှုကို အပြစ်တင် ရှုတ်ချခဲ့ပါသည်။ ၎င်းက ဤစစ်ပွဲသည် ရပ်စဲရကြောင်း၊ မည်သည့်နေရာ၌မဆို အရပ်သူအရပ်သားများကို ကာကွယ်ရပြီး လူသားချင်း စာနာထောက်ထားမှုကို အတား အဆီး မရှိ  ပို့ဆောင်ရကြောင်း ပြောကြားခဲ့ပါသည်။