အမေရိကန်နှင့် ကနေဒါသင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့၊ တရုတ် အရှေ့စစ်နယ်သည် လိုက်လံကြပ်မတ်ပြီး ဥပဒေ စည်းမျဉ်း များအရ ကိုင်တွယ်ဖြေရှင်းခဲ့

(GMT+08:00)2024-10-21 15:31:17  

    အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ၊ ရေတပ် အထက်တန်းဗိုလ်မှူးကြီး Li Xi က အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမေရိကန် ဖျက်သင်္ဘော Higgins ၊ ကနေဒါ အစောင့်အကြပ် သင်္ဘော Vancouver တို့သည် ထိုင်ဝမ်ရေလက်ကြားဖြတ်သန်းခြင်းကို လူသိရှင်ကြား ပြုလုပ်ခဲ့ကြကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ စစ်နယ်မှ ပင်လယ်ကမ်းခြေကာကွယ်ရေးတပ်နှင့် လေကြောင်းကာကွယ်ရေးတပ်များသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည့် အမေရိကန်နှင့် ကနေဒါ သင်္ဘောများကို လိုက်လံစောင့်ကြည့်ပြီး ဥပဒေစည်းမျဉ်း များအရ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ အမေရိကန် နိုင်ငံနှင့် ကနေဒါနိုင်ငံ၏ လုပ်ရပ်မှာ အနှောင့်အယှက်ပေးခြင်း ဖြစ်ပြီး ထိုင်ဝမ် ရေလက်ကြား၏ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်စေကြောင်း၊ အရှေ့စစ်နယ်သည် နိုင်ငံတော် အချုပ်အခြာအာဏာလုံခြုံရေးနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြတ်ပြတ် သားသား ကာကွယ်ထိန်းသိမ်းရန် အမြဲတမ်း သတိကြီးစွာ ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။