ဒေသစံတော်ချိန် အောက်တိုလာလ ၁၈ရက်နေ့က သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းတွင် အာရှဆင်ရိုင်း များ နှင့် ဆီတင်ရထားတစ်စီး တိုက်မိခဲ့ရာ ဆင်နှစ်ကောင် သေဆုံးခဲ့ပြီး ဆင်တစ်ကောင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး အဆိုပါ မတော်တဆမှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်းလည်း သိရသည်။
ရထားမောင်းသူ၏ ပြောကြားချက်အရ ယင်း မတော်တဆမှုဖြစ်ပွားချိန်တွင် ဆင်ကောင်ရေ ၂၀ ခန့်သည် ရထားရှေ့ ၁၀ မီတာခန့်အကွာ၌ ရထားလမ်းကို ဖြတ်ကျော်ရာ အချိန်မီ ရထား ဘရိတ် မဆွဲနိုင် ခဲ့ကြောင်း သိရပါသည်။ ဒေသန္တရအစိုးရ၏ စာရင်းများအရ လွန်ခဲ့သည့် ၂ နှစ်အတွင်း ရထားတိုက်မှု ကြောင့် ဆင် ၃၁ ကောင် သေဆုံးခဲ့ဖူးကြောင်း သိရပါသည်။