THAAD ဒုံးကျည် ကာကွယ်ရေးစနစ်ကို အစ္စရေးတွင် အသုံးပြုနေပြီဟု China Media Group သတင်းထောက်က အောက်တိုဘာလ ၂၀ ရက်နေ့ညတွင် အစ္စရေးဘက်မှ သတင်းရရှိခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ အစ္စရေးအစိုးရက ယင်းသတင်းကို အတည် မပြုသေးကြောင်း သိရပါသည်။
အောက်တိုဘာလ ၁၅ ရက်နေ့က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် အမေရိ ကန်၏ ရှေ့ပြေးတပ်ဖွဲ့နှင့် THAAD ဒုံးဖျက်စနစ်၏ အစိတ်အပိုင်းသည် အစ္စရေးသို့ ရောက် ရှိခဲ့ပြီဟု ကြေညာခဲ့သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူက ဆောင်ရွက်ချက်၏ လုံခြုံမှုကို အာမခံပေးရန်အတွက် အသေးစိတ် THAAD စနစ် ချထားရေး အချိန်ဇယားကို ထုတ်ပြန်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အစ္စရေး စစ်တပ်က ယင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြသော်လည်း THAAD ကို တရားဝင် စတင် အသုံးပြုသည့် အချိန်ကိုမူ ဖော်ပြရန် ငြင်းပယ်ခဲ့သည်ဟု သတင်းရရှိပါသည်။