BRICS လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အား BRICS ထိပ်သီး ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် တွေ့ဆုံပွဲသို့ တက်ရောက်ရန် မျှော်လင့်

(GMT+08:00)2024-10-21 15:32:17  

     ရုရှားနိုင်ငံသမ္မတ ပူတင် ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရုရှားနိုင်ငံ Kazan မြို့တွင် ကျင်းပမည့် BRICS ထိပ်သီးခေါင်းဆောင်များ ၁၆ ကြိမ်မြောက်တွေ့ဆုံပွဲသို့ တက်ရောက်မည် ဖြစ် ပါသည်။ ၄င်းမှာ BRICS မိသားစုဝင် တိုးများလာပြီးနောက် သမ္မတ ရှီကျင့်ဖိန်သည် BRICS ထိပ်သီးခေါင်းဆောင်များနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း သတင်းအရ သိရှိရ ပါသည်။
    BRICS လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များက တွေ့ဆုံပွဲ ကျင်းပစဉ် အတောအတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ တင်ပြသော အရေးကြီးသည့် အဆိုပြုချက်များကို ကြားနာရန် မျှော်လင့်နေကြောင်း၊ ရှင်သန် တည်ငြိမ်ပြီး အကောင်းဘက်သို့ တိုးတက်လာလျက်ရှိသော အင်အားတစ်ခုဖြစ်သည့် BRICS သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာလိမ့်မည် ဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော အပြုသဘောဆောင်သည့် အင်အားများကို ထည့်သွင်းပေးမည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့ကြပါသည်။