အင်ဒိုနီးရှားသမ္မတသစ်သည် ကျမ်းသစ္စာကျိန်ဆိုပွဲ၌ ပြည်သူများအား စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် စည်းလုံးညီညွတ်ကြဖို့ ပန်ကြား

(GMT+08:00)2024-10-21 14:14:52  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၀ ရက်နေ့က အသစ်အရွေးခံရသည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုသည် ဂျကာတာ၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ငါးနှစ်သက်တမ်းအတွက် အင်ဒိုနီးရှားနိုင်ငံ၏ အဋ္ဌမမြောက် သမ္မတဖြစ်လာခဲ့ပါသည်။ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပရာဘိုဝိုက အဖွင့်မိန့်ခွန်း ပြောကြားရာ  အင်ဒိုနီးရှားပြည်သူများအားလုံး စည်းလုံးညီညွတ်ပြီး အနာဂတ်စိန်ခေါ်မှုများကို သတ္တိရှိရှိ ရင်ဆိုင်ကြရန် ပန်ကြားခဲ့ပါသည်။

ပရာဘိုဝိုက သူ့အစိုးရအဖွဲ့ အုပ်ချုပ်မှု ၏ ဦးစားပေးဆောင်ရွက် မှုများကို ရှင်းပြခဲ့ပါသည်။ ၎င်း၏ ရည်မှန်းချက်မှာ အင်ဒိုနီးရှားနိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးကို ၄ နှစ်မှ ၅ နှစ် အတွင်း ရရှိရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။