၂၀၂၄ခုနှစ် BRICSနိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပတော့မည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး ဌာန နှင့် China Media Groupတို့ ပူးတွဲကျင်းပပြီး CMG ၊CGTNမှ တာဝန်ယူ ကျင်းပ သော “ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ကံကြမ္မာတူညီသော စည်ပင်သာယာသည့် ကမ္ဘာကို လက်တွဲတည်ဆောက်ခြင်း” ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ တတ်သိ ပညာ ရှင်များ အဖွဲ့ ဖိုရမ်ကို အောက်တိုဘာလ ၁၆ရက်နေ့က ဘေကျင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး Liu Jianchao၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiongတို့သည် ဗီဒီယိုဖြင့် အသီးသီး မိန့်ခွန်း ပြောကြား ခဲ့ကြ ကြောင်း သတင်းအရ သိရသည်။
တစ်ကမ္ဘာလုံး နိုင်ငံ ၇၆နိုင်ငံက နိုင်ငံရေး နယ်ပယ်မှ အရှိန်အဝါကြီးသူများ နှင့် အစိုးရ ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များ၊ မီဒီယာကိုယ်စားလှယ်များသည် online နှင့် offline ဖြင့် ယင်းဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ တတ်သိပညာရှင်များအဖွဲ့ ၄၀တို့သည် “ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများမှ တတ်သိ ပညာရှင်များအဖွဲ့တို့က အေးအတူပူအမျှ ဖြစ်သော စည်ပင်သာယာသည့်ကမ္ဘာ လက်တွဲ တည်ဆောက်ရန် အဆိုပြုချက်”ကို အတူ ထုတ်ပြန်ခဲ့ကြသည်။ ဖိုရမ်သို့ တက် ရောက် ခဲ့ကြသော ဧည့်သည်တော်များ၏ ဆွေးနွေးသည့် အကြောင်းအရာများကို “ကမ္ဘာ့ တောင် ဘက်ခြမ်းနိုင်ငံများ တတ်သိပညာရှင်များအဖွဲ့ ဖိုရမ် အထူး အစီအစဉ်”ဖြင့် CMG ၊ CGTNရုပ်သံ ချန်နယ်နှင့် မီဒီယာသစ် ပလက်ဖောင်းတွင် တစ်ပြိုင်တည်း ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများမှ လှိုက်လှဲသော တုံ့ပြန်မှုများ ရရှိခဲ့သည်။
“ပြည်သူ့ နေ့စဉ် သတင်းစာ”၊ ဆင်ဟွာ သတင်းဌာန၊ China Dailyစသည့် တရုတ် ပြည်တွင်း အဓိက မီဒီယာများသည် ယင်းနှင့် ပတ်သက်ပြီး အသီးသီး သတင်း ထုတ်ပြန် ခဲ့သည်။ ABCနှင့် NBC စသည့် နိုင်ငံခြား အဓိက မီဒီယာ ၁၂၁၅ခုသည် ဖိုရမ်နှင့် ပတ်သက်၍ အကြိမ် ၁၃၇၀ကြိမ် သတင်းထုတ်ပြန်ပြီး တစ်ကမ္ဘာလုံးတွင် ကြည့်ရှုမှု စုစုပေါင်း ပမာဏမှာ ၃၉သန်း၈သိန်း၅သောင်းကျော် ရှိကြောင်း သတင်းအရ သိရသည်။