ရှီကျင့်ဖိန်သည် နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်၏ လုပ်ငန်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်

(GMT+08:00)2024-10-21 13:25:23  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်၏ လုပ်ငန်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်။

   ရှီကျင့်ဖိန်က နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန် တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို တွန်းအားပေးရေးဆိုင်ရာ အရေးကြီးသည့် ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ခေတ်သစ် ခရီးစဉ်သစ်တွင် နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်သည် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံနှင့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယ အကြိမ်နှင့် တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးများ၏ ရည်မှန်းချက် အကြောင်းအရာများကို နက်ရှိုင်းစွာ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အတွေး အခေါ်သစ်များကို ဖော်ဆောင်ပြီး ဆန်းသစ်တီထွင်ရေး ရှင်သန်စွမ်းအားနှင့် အတွင်းပိုင်း တွန်းအားများကို စဉ်ဆက်မပြတ် တွန်းအားပေးပြီး အရည်အချင်းမြင့် တံခါးဖွင့်လှစ်ခြင်းဖြင့် ပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစွာ ပြုလုပ်ရေးနှင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုး တိုး တက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါး ဖွင့်ရေး တွင် ရဲရဲဝံ့ဝံ့ ရှေ့တန်းပြေး ဆောင်ရွက်ပြီး အရည်အချင်းမြင့် တံခါးဖွင့်ရေး စည်းစနစ်များ ပိုမို ပြည့်စုံ ကောင်းမွန် လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ Belt and Road ကို အရည်အသွေး မြင့်မားစွာ လက်တွဲ တည်ဆောက်မှုတွင် တက်ကြွစွာ ပါဝင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ရင်းနှီးမြှုပ်နွဲမှု ဆွဲဆောင်ရေး အသွင်ပုံစံ ဆန်းသစ်တီထွင်ခြင်းကို ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင် ရေး၊ အစိမ်းရောင် ဖြစ်ရေး၊ ဒစ်ဂျစ်တယ် ဖြစ်ရေးတို့ကို တွန်းအားပေးပြီး ဒေသအခြေအနေအရ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန် တည်ထောင်ခဲ့ခြင်း နှစ် ၄၀ ပြည့် ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့က ထျန်ကျင်းမြို့၌ ကျင်းပခဲ့သည်ဟု သတင်းရရှိပါသည်။