မကာအို နောက်ဆုံး စီရင်ဆုံးဖြတ်ရေး တရားရုံးသည် Sam Hou Fai အား မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး အဖြစ် အတည်ပြု

(GMT+08:00)2024-10-21 13:34:34  

အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်သည့် မကာအို အထူးအုပ်ချုပ်ရေးဒေသ ပြန်တမ်းတွင် မကာအို နောက်ဆုံး စီရင်ဆုံးဖြတ်ရေး တရားရုံးသည် ဆဋ္ဌမမြောက် မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ရလဒ် စိစစ်မှု ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး Sam Hou Fai အား မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး အဖြစ် ထမ်းဆောင်မည်ဖြစ်ကြောင်း တရားဝင် အတည်ပြု ကြေညာထားသည်။

ဆဋ္ဌမမြောက် မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့ရာ Sam Hou Faiသည် မဲ ၃၉၄ မဲဖြင့် အရွေးခံခဲ့ရသည်။ မကာအို “အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ဥပဒေ”အရ ရွေးကောက်ပွဲ အထွေထွေ မဲတွက်ချက်ရေး ကော်မတီသည် အထွေထွေ မဲတွက်ချက်မှုရလဒ်ကို မကာအို နောက်ဆုံး စီရင်ဆုံးဖြတ်ရေး တရားရုံးသို့ တင်ပြ ရမည်ဖြစ်ပြီး နောက်ဆုံး စီရင်ဆုံးဖြတ်ရေး တရားရုံးသည် စီရင်ဆုံးဖြတ်မှု ပြုလုပ်မည်ဖြစ်ကြောင်း သတင်း အရ သိရပါသည်။