ဒေသစံတော်ချိန် အောက်တိုဘာလ ၁၉ ရက်နေ့က G7 နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများသည် အီတလီနိုင်ငံ Naples မြို့တွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် G7 အဖွဲ့က ယူကရိန်းအား စစ်ရေးအရ ပံ့ပိုးကူညီမှုများ အပါအဝင် နယ်ပယ်များတွင် ဆက်လက် ပံ့ပိုးကူညီသွားမည်ဟု ကတိပြုခဲ့ပြီး နေတိုးအဖွဲ့ဝင်အဖြစ် အပါအဝင် ယူရို-အတ္တလန္တိတ် ပေါင်းစည်းရေး လမ်းကြောင်းပေါ်တွင် အပြည့်အ၀ ပေါင်းစည်းစေရန် ဆက်လက်လုပ်ဆောင်ဖို့ ယူကရိန်းအား ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။