မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui က အောက်တိုဘာလ ၁၉ ရက်နေ့တွင် “မြောက်ကိုရီးယားအပေါ် တရားမဝင်သော အရေးယူမှုများ ပြုလုပ်သည့် နိုင်ငံများသည် နစ်နာဆုံးရှုံးမှု ခံယူရမည်”ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။
အဆိုပါ မိန့်ခွန်းတွင် Choe Son Hui က အမေရိကန် နှင့် ၎င်း၏ နောက်လိုက်များ ၏ရန်လိုသော ကြံစည်မှုများကို တုံ့ပြန်သည့်အနေနှင့် မြောက်ကိုရီးယားသည် နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ဖွံ့ဖြိုးရေး အကျိုးစီးပွားများကို ကာကွယ်ရန်၊ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ကာကွယ်ရန် ဆန္ဒ မယိမ်းမယိုင် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။