ဒုတိယအကြိမ်မြောက် နိုင်ငံတကာ အခြေခံသိပ္ပံပညာ ညီလာခံ စတင်ကျင်းပတော့မည့် ကာလတွင် China Media Group (CMG) မှသတင်းထောက် Wang Guan က ကွန်ပျူတာသိပ္ပံ ပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နက်ရှိုင်းသော အကျိုးသက်ရောက်မှုရှိသော ပုဂ္ဂိုလ်တစ်ဦးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ၎င်းကတော့ ၂၀၁၀ ပြည့်နှစ် A.M Turing Award ဆုရရှိထားတဲ့ Leslie Valiant ပါ။ Leslie Valiant က သူ့ရဲ့ ကွန်ပျူတာတွက်ချက်မှုသီအိုရီနှင့် စက်ပစ္စည်း လေ့လာသင်ယူရေးကဏ္ဍတွင် ထူးချွန်သော အကျိုးထမ်းဆောင်မှုကြောင့် နာမည်ကျော်ကြားပါတယ်။ AI လှိုင်းလုံးက ကမ္ဘာကြီးမှာ ခေတ်စားနေချိန်မှာ စက်နဲ့လူသားကြားမှာ ဘယ်သူကကမ္ဘာကြီးကိုစိုးမိုးမလဲဆိုတဲ့ အငြင်းပွားမှုနဲ့ပတ်သက်ပြီး Leslie Valiant က မိမိတို့ရဲ့အခြေခံနားလည်သိရှိမှုစွမ်းရည်ကို လေ့လာခြင်းကနေ မိမိကိုယ်တိုင်ကို ပိုမိုကောင်းမွန်စွာနားလည်နိုင်သလို စက်ပစ္စည်းရဲ့ စွမ်းရည်အတိုင်းအတာကိုလည်း နားလည်နိုင်ကြောင်း၊ မိမိတို့ကစက်ပစ္စည်းတွေကို ထုတ်လုပ်နေချိန်မှာ စက်ပစ္စည်းတွေကို မိမိတို့ကိုအတုယူခွင့်ပေးနေတာလည်းဟုတ်တယ်လို့ ယူဆပါတယ်လို့ ဆိုလာပါတယ်။
စက်တွေကတစ်နေ့မှာ လူသားတွေထက် ပိုမိုထူးချွန်လာလိမ့်မယ်ဆိုတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီး ပါမောက္ခ Leslie Valiant က လူတွေကျွမ်းကျင်တဲ့ကိစ္စရပ်က မတူညီကြကြောင်း၊ တာဝန်တစ်ခုသတ်မှတ်ရာမှာ ဥပမာအားဖြင့် နိုင်ငံတကာကျားစစ်ထိုးမှုဖြစ်ပါက လူသားထက် ပိုမိုထူးချွန်တဲ့စက်ရုပ်ကို သေချာပေါက် ထုတ်လုပ်နိုင်ကြောင်း၊ အခြားကိစ္စအများအပြားကိုလည်း စက်ကပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း၊ သို့သော်လည်း ဒါကြောင့် စက်တွေက မိမိတို့ထက် ဉာဏ်ကောင်းတယ်လို့ တိုက်ရိုက်ကောက်ချက်ချ၍မရကြောင်း၊ အနာဂတ်မှာ အဓိကပြဿနာဟာ ဘယ်သူက ကမ္ဘာကြီးကိုစိုးမိုးနိုင်မလဲဖြစ်ကြောင်း၊ လူသားများဟာ ကမ္ဘာအပေါ်ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းထားသင့်သည်ဟု ယူဆကြောင်း၊ စက်များက ကမ္ဘာကြီးအားချုပ်ကိုင်သွားမှာကို အလွန်ပူပန်ရန်မလိုအပ်ဟုယူဆကြောင်း၊ သို့သော်လည်း မိမိတို့က ထိန်းချုပ်ခွင့်ကို စက်များကိုလွှဲပေးရန်မသင့်ကြောင်း၊ ၎င်းဟာလူသားများအတွက် အလွန်မိုက်ရူးရဲဆန်ရာကျသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။