မျက်မှောက်နိုင်ငံရေး မိုက်ခရိုမှတ်တမ်းတို စတင်ခရီးနှင်ရွက်လွှင့်ချိန်တန်ပြီ - အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ဖူကျန့်၊ အန်းဟွေးပြည်နယ်သို့ သွားရောက်လေ့လာရေးမှတ်တမ်း

(GMT+08:00)2024-10-20 12:54:49  

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ဖူကျန့်နဲ့ အန်းဟွေး ပြည်နယ်နှစ်ခုကို သွားရောက်လေ့လာခဲ့ပါတယ်။

ယခုအကြိမ် ဖူကျန့်နဲ့ အန်းဟွေးခရီးစဉ်ဟာ တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးရဲ့ အနှစ်သာရကို ကျင့်သုံးဖော်ဆောင်တဲ့ အရေးပါအချိန်အခါဖြစ်နေပါတယ်။ ပါးမင်ဒေသကနေ ယန်ဇီ၊ ဟွိုင်မြစ်ဒေသအထိ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားသို့ တံခါးဖွင့်လှစ်မှုကနေ ယဉ်ကျေးမှုလက်ဆင့်ကမ်းမှု၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုအထိ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က လားရာကိုလေ့လာသတ်မှတ်ပြီး လက်တွေ့သွားရောက် လမ်းညွှန်ကာ သံကိုတစ်ချက်ချင်း ရိုက်သွင်းရသကဲ့သို့စိတ်ဓာတ်ဖြင့် ပြုပြင်ပြောင်းလဲမှုကို ကောင်းမွန်စွာလုပ်ဆောင်၍ “မြင်ကွင်းတစ်ခုလုံးရုပ်ပုံ” ကို “လက်တွေ့ရှုခင်းပုံ” အဖြစ်ပြောင်းလဲသော တိကျတဲ့အချက်ပြမှုကို လက်ဆင့်ကမ်းခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးလှိုင်းလုံးကြီး အားကောင်းနေချိန်တွင် စတင်ခရီးနှင်ရွက်လွှင့်ချိန်တန်ပါပြီ။