အောက်တိုဘာလ ၁၉ ရက်နေ့က တရုတ် နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ပညာမူပိုင်ခွင့် ကာကွယ်ရေးအသင်း ၏ ၂၀၂၄ခုနှစ် ကမ္ဘာ့ ပညာ မူပိုင်အခွင့် အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ် နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ နိုင်ငံတကာ ပညာမူပိုင်ခွင့် ဘက်ပေါင်းစုံ စနစ်ကို ပြတ်ပြတ်သားသား ကာကွယ်ပေးရန်၊ ဆန်းသစ်တီထွင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် တည်ဆောက်ရေးအတွက် တရုတ်ဉာဏ်ပညာနှင့် တရုတ်ဖြေရှင်းနည်းများကို သင်ပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ ပညာမူပိုင်ခွင့် စီမံခန့်ခွဲရေး စနစ်ကို ပိုမို တရားမျှတ ကျိုးကြောင်းဆီလျော်အောင် ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးပြီး လူသားတို့၏ အကျိုးစီးပွား တိုးမြှင့်ရန် အတွက် တရုတ်အင်အား ထည့်သွင်းပေးရန် ကြိုပမ်းဆောင်ရွက်လိုကြောင်း အလေးထား ပြောကြားသည်။
နိုင်ငံတကာ ပညာမူပိုင်ခွင့် ကာကွယ်ရေးအသင်း၏ ၂၀၂၄ခုနှစ် ကမ္ဘာ့ ပညာ မူပိုင်ခွင့် အစည်းအဝေးကို ထိုနေ့တွင် ကျဲ့ကျန်းပြည်နယ် ဟန်ကျူးမြို့ ၌ စတင်ကျင်းပခဲ့ပြီး အစည်းအဝေး၏ ဆောင်ပုဒ်မှာ “ပညာမူပိုင်ခွင့်ကို မျှတစွာ ကာကွယ်ရေးနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး”ဖြစ်ကာ တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီနှင့် နိုင်ငံတကာ ပညာမူပိုင်ခွင့် ကာကွယ်ရေးအသင်းတို့ ပူးတွဲ ဦးစီးကျင်းပသည်။