ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား သမ္မတ အဖြစ် တာဝန် ထမ်းဆောင်သည့် Prabowoအား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-10-20 16:04:17  

ယခုလ ၂၀ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား သမ္မတ အဖြစ် တာဝန် ထမ်းဆောင်သည့် Prabowoအား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

      ရှီကျင့်ဖိန်က ၄င်းသဝဏ်လွှာတွင် တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ချစ်ကြည်ရေး အစဉ်အလာ ရှိသော အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသည် ဆက်တိုက် ခြေလှမ်းမှန်မှန်ဖြင့် တိုးမြှင့်ပြီး ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရေး အဆင့်ကာလသစ်သို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်း၊ လာမည့် ၂၀၂၅ခုနှစ်သည် တရုတ်-အင်ဒိုနီးရှား သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် အခွင့်ကောင်းသစ်များကို ဖန်တီးပေးမည် ဖြစ်ကြောင်း၊ မိမိသည် သမ္မတ Prabowoနှင့် ရင်းနှီးသော မဟာဗျူဟာမြောက် ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထားပြီး တရုတ်-အင်ဒိုနီးရှား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အဆင့်သစ်သို့ အဆက်မပြတ် တိုးမြှင့်ရန် ဦးဆောင်ကာ ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများ အကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေကာ အတူ အောင်မြင်မှု ရရှိသည့် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ရေးသားဖော်ပြထားသည်။