တရုတ်-ရုရှား ဆက်ဆံရေးသည် အပြန်အလှန် လေးစားခြင်း အခြေခံပေါ်တွင် တည်ဆောက် ခြင်း ဖြစ်သည်ဟု ပူတင်ဆို

(GMT+08:00)2024-10-20 13:22:45  

    ၁၆ကြိမ်မြောက် BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၂၂ရက်နေ့မှ ၂၄ရက်နေ့အထိ ရုရှား နိုင်ငံ Kazanတွင် ကျင်းပမည် ဖြစ်သည်။ ဒေသ စံတော်ချိန် ယခုလ ၁၈ရက်နေ့က ရုရှား သမ္မတ ပူတင်သည် မော်စကိုတွင် BRICSနိုင်ငံ အဓိက မီဒီယာများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ၌ China Media Groupမှ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။ ပူတင်က တရုတ်-ရုရှား ဆက်ဆံရေးသည် အပြန်အလှန် လေးစားခြင်း အခြေခံပေါ်တွင် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ယင်းသည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွင် သဘောတူညီချက် ဖြစ်ရုံ သာမက လက်တွေ့ကျသော ဆောင်ရွက်မှုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

China Media Group လက်အောက်ရှိ CGTNသည် ပူတင်နှင့် BRICSနိုင်ငံ အဓိက မီဒီယာများမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပါဝင်သည့် တစ်ခုတည်းသော တရုတ် မီဒီယာ ဖြစ်သည်။