တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် BRICSနိုင်ငံခေါင်းဆောင်များ ၁၆ကြိမ်မြောက် တွေ့ဆုံပွဲကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ သွားရောက်မည့်အခါသမယတွင် အောက်တိုဘာလ ၁၈ရက်နေ့က China Media Group၊ ရုရှားအစိုးရဌာနမှ “ရုရှားသတင်းစာ”၊ ရုရှားBig Asiaရုပ်မြင်သံကြားဌာန၊ ရုရှားBRICSရုပ်မြင်သံကြားဌာန၊ ရုရှားဒစ်ဂျစ်တယ် ရုပ်မြင်သံကြားဌာန၊ ရုရှားOKKOနယူးမီဒီယာပလက်ဖောင်း နှင့် ရုရှားအကြီးဆုံး လူမှုကွန်ရက် “ဆက်သွယ်ရေးကွန်ရက်”တို့ ပူးတွဲကျင်းပသော ရုရှားနိုင်ငံ၌ China Media Group ပရီမီယံအစီအစဉ်များ ပြသရေးလှုပ်ရှားမှုကို မော်စကိုတွင် စတင်ကျင်းပခဲ့ကြောင်း၊ “ရှီကျင့်ဖိန်နှင့် တွေ့ဆုံခြင်း”စသော CMG ပရီမီယံအစီအစဉ်များကို ရုရှား အဓိက မီဒီယာများတွင် ဆက်တိုက် ထုတ်လွှင့်မည်ဖြစ်ကြောင်း သတင်းအရ သိရှိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong၊ “ရှရှားသတင်းစာ” ဥက္ကဋ္ဌ Pavel Negoitsa၊ ရုရှားနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Hanhuiတို့သည် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ကြ ပါသည်။