တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ ကမ်းရိုးတန်းရှိ ဖူကျန့်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည်။ လွန်ခဲ့သည့်သုံးနှစ်က နွေဦးကာလ ၂၀၂၁ ခုနှစ် မတ်လပိုင်းတွင် ရှီကျင့်ဖိန်က ဖူကျန့်ပြည်နယ်တွင် သွားရောက်လေ့လာခဲ့စဉ်ကာ “ဒီနေရာက တောတောင်ရေမြေ သစ်ပင်ပန်းမံတိုင်းအပေါ် သံယောဇဉ်ရှိပါတယ်” ဟုဆိုခဲ့ဖူးသည်။ ရှီကျင့်ဖိန်က ၃ နှစ်အတွင်း ၂ ကြိမ်သွားရောက်လေ့လာခဲ့သော အဆိုပါပြည်နယ်သည် မည်သည့်ထူးခြားချက်ရှိသနည်း။
ဖူကျန့်ပြည်နယ်သည် ကြွယ်ဝသော ပင်လယ်သမုဒ္ဒရာအရင်းအမြစ်နှင့် တိုးတက် အဆင်ပြေလွယ်ကူသော ကုန်းရေလေ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ရှိသည်သာမက တရုတ်နိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေး တိုးတက်သော ပြည်နယ်ကြီးလည်းဖြစ်သည်။ တစ်ဦးချင်းပျမ်းမျှ GDP သည် တစ်နိုင်ငံလုံးတွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။
ထို့ပြင် ဖူကျန့်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး ဂေဟယဉ်ကျေးမှု စမ်းသပ်ဇုန်လည်း ဖြစ်သည်။ သစ်တောဖုံးလွှမ်းမှုနှုန်းသည် ၆၅% ထက် ကျော်လွန်သောကြောင့် “တစ်နိုင်ငံလုံးတွင် အစိမ်းလန်းဆုံး” ပြည်နယ်ဟုလည်း တင်စားခေါ်ဝေါ်ခံရသည်။
ရှီကျင့်ဖိန်သည် ရှမန်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အဆိုပါမြို့၏ ပြုပြင်ပြောင်းလဲ ဆန်းသစ်တီထွင်မှုအစီအမံပေါင်းများစွာကို ဦးဆောင်ခဲ့ပါသည်။ ယခုအကြိမ် ရှမန်မြို့သို့လာရောက်ရာတွင် ၎င်းက ယနေ့တွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုကို ဖော်ဆောင်ရာ၌ နက်ရှိုင်းမှုဖြစ်စေ ကျယ်ပြန့်မှုဖြစ်စေ ယခင်ကထက် တောင်းဆိုချက် ပိုမိုမြင့်မားလာပြီဟု ခံစားချက်အပြည့်အဝဖြင့်ပြောပါသည်။ ရှီကျင့်ဖိန်က ရှမန် အပါအဝင် ဖူကျန့်ကို အခြေအနေအရ အလိုက်အထိုက် ဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်ပြီး စနစ်ပုံစံ တံခါးဖွင့်လှစ်မှုကို ခြေလှမ်းမှန်မှန်ဖြင့် ဖော်ဆောင်ကာ နိုင်ငံတကာစံနှုန်းမြင့်များနှင့် ချိတ်ဆက်ရာတွင် သေချာစွာ အသေးစိတ်ကျစွာချိတ်ဆက်ခြင်းဖြင့် စနစ်ပုံစံ၊ မူဝါဒပုံစံ ရလဒ်များ ပိုမိုဖော်ဆောင်ရမည်ဟု တောင်းဆိုထားသည်။
လွန်ခဲ့သည့် ၁၀ နှစ်က ရှီကျင့်ဖိန် ဖူကျန့်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့စဉ်တွင် “ယန္တရားပြုလွယ်ပြင်လွယ်သော၊ လုပ်ငန်းသာလွန်ကောင်းမွန်သော၊ ပြည်သူကြွယ်ဝ ချမ်းသာသော၊ ဂေဟစနစ်သာယာသော ဖူကျန့်ပြည်နယ်အသစ်ကို ကြိုးပမ်းတည်ဆောက် ရမည်” ဟု မျှော်လင့်ချက်စကားများ ပြောကြားခဲ့ပါသည်။ ယခုအကြိမ် ဖူကျန့်ပြည်နယ်သို့ သွားရောက်လေ့လာရာတွင် ရှီကျင့်ဖိန်က ယန္တရားပြုလွယ်ပြင်လွယ်သော၊ လုပ်ငန်းသာလွန် ကောင်းမွန်သော၊ ပြည်သူကြွယ်ဝ ချမ်းသာသော၊ ဂေဟစနစ်သာယာသော ဖူကျန့်ပြည်နယ်အသစ် တည်ဆောက်သော ရည်မှန်းချက်ကို မလျှော့ဘဲဆုပ်ကိုင်ထားကာ စီမံကိန်းကြီးကို အောင်မြင်စွာ ဖော်ဆောင်ရမည်ဟု အလေးထားပြောကြားခဲ့သည်။