BRICS နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ မောင်းနှင်အား ဖြစ်လာပြီဟု ပူတင်ဆို

(GMT+08:00)2024-10-19 12:03:46  

ဒေသစံတော်ချိန် အောက်တိုဘာလ  ၁၈ ရက်နေ့က BRICS နိုင်ငံများ စက်မှုနှင့် စီးပွားရေး ဖိုရမ်ကို ရုရှားနိုင်ငံ မော်စကို မြို့တော်၌ ဖွင့်လှစ်ခဲ့ရာ ရုရှားသမ္မတ ဗလာဒီမာ-ပူတင်သည် ဖိုရမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်။

ပူတင်က BRICS နိုင်ငံများအနေဖြင့် ကမ္ဘာ့စီးပွားရေးအတွက် အကျိုးဆောင်မှုသည် G7 ထက် ပိုများကြောင်း၊ ၂၀၂၄ ခုနှစ်တွင် BRICS နိုင်ငံများ၏ ပျမ်းမျှ GDP တိုးတက်မှုနှုန်းမှာ ၄ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ G7 နိုင်ငံများ၏ ခန့်မှန်းခြေ တိုးနှုန်းဖြစ်သည့် ၁.၇ ရာခိုင်နှုန်း နှင့် ကမ္ဘာ့ ပျမ်းမျှ ခန့်မှန်းခြေ တိုးနှုန်း ဖြစ်သည့် ၃.၂ တို့ထက် ပိုများကြောင်း၊ BRICS နိုင်ငံများသည် ကမ္ဘာ့စီးပွားရေးအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိပြီး ကမ္ဘာ့ စီးပွားရေး တိုးတက်မှု၏ မောင်းနှင်အား ဖြစ်ကြောင်း ပြောကြားခဲ့သည်။