ရှီကျင့်ဖိန်သည် ဒုံးကျည်တပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေး

(GMT+08:00)2024-10-19 21:15:11  

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ရက်နေ့က ဒုံးကျည်တပ်ဖွဲ့ လက်အောက်ရှိ ဘရီဂတ်တပ် တစ်ခုသို့ သွားရောက် ကြည့်ရှု စစ်ဆေး ရာတွင် ခေတ်ကာလ သစ်၌ တပ်မတော် အားကောင်းစေရေး အတွေးအခေါ်ကို နက်ရှိုင်းစွာ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး စစ်ရေး မဟာဗျူဟာ လမ်းစဉ်ကို လိုက်နာကျင့်သုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ဦးဆောင်မှုကို စွဲကိုင်ပြီး လုပ်ငန်းတာဝန် ထမ်းဆောင်ခြင်းကို အားကောင်းစေကာ အားထုတ်ကြိုးပမ်း၍ လက်တွေ့ဆောင်ရွက်ပြီး တပ်ဖွဲ့ တည်ဆောက်ရေး ဆိုင်ရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကာ  လက်တွေ့ တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်၍ ပါတီနှင့် ပြည်သူများမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ပြတ်ပြတ်သားသား ဆောင်ရွက် ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။