အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အစ္စရေးအား လက်နက်တွေပေးပို့တာကို ရပ်ပြီး ပါလက် စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ စပိန်ဝန်ကြီးချုပ် တောင်းဆို

(GMT+08:00)2024-10-19 12:22:16  

အောက်တိုဘာလ ၁၇ ရက်နေ့ က ပြုလုပ်သည့်  ဥရောပသမဂ္ဂ ထိပ်သီး အစည်း အဝေး အပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပရာ စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က အရှေ့အလယ်ပိုင်း ပဋိပက္ခသည် လက်ဘနွန်သို့ ချဲ့ထွင်လာကာ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုများကြောင့်  အစ္စရေးနှင့် နီးစပ်သော ဥရောပသမဂ္ဂနိုင်ငံများသည် အစ္စရေး၏ လုပ်ရပ်များ တရားမျှတကြောင်း ပြောကြားရန် ပိုမိုခက်ခဲလာကြောင်း ပြောကြားခဲ့သည်။

အီးယူ ထိပ်သီးအစည်းအဝေးတွင်  ဆန်းချက်ဇ်က အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အစ္စရေးအား လက်နက်များ ပေးပို့ခြင်းကို ရပ်တန့်ရန်နှင့် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် တောင်းဆိုခဲ့သည်။ ယင်းသည် အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်မှုတွေ ထပ်ပြီး တိုးမလာအောင် အထောက်အကူ ဖြစ်လိမ့်မယ်လို့လည်း ဆန်းချက်ဇ်က ပြောကြားခဲ့သည်။