အောက်တိုဘာလ ၁၈ရက်နေ့က မော်စကိုမြို့၌ ရုရှားနိုင်ငံ သမ္မတ ပူတင်သည် ရုရှား၊ တရုတ်၊ ဘရာဇီး၊ အီဂျစ်၊ အိန္ဒိယ၊ အာရပ်စော်ဘွားများ နိုင်ငံ၊ ဆော်ဒီအာရေးဗျ၊ အီသီယိုးပီးယား နှင့် တောင်အာဖရိက စသော BRICSနိုင်ငံများမှ အဓိက မီဒီယာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် သက်ဆိုင်ရာမေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။
ပူတင်က လက်ရှိအချိန်တွင် BRICSနိုင်ငံများအတွက် တပေါင်းတစည်းတည်းရှိသော ငွေကြေးကို ဖန်တီးရန် အချိန်မရောက်သေကြောင်း၊ တပေါင်းတစည်းတည်းရှိသော ငွေကြေးကို မသုံးမီ BRICSနိုင်ငံများ၏စီးပွားရေးတစ်ပြေးညီဖြစ်စေရေးသည် လိုအပ်သော အဆင့်သို့ ရောက်ရှိရ မည် ဖြစ် ကြောင်း၊ BRICSနိုင်ငံများသည် ရင်းနှီးမြှုပ်နှံရာတွင် ဒစ်ဂျစ်တယ်ငွေကြေးကို သုံးဆောင်ရန် အကြံပေး ပြောကြားခဲ့ပါသည်။