ဒုတိယကြိမ်မြောက် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှု ကွင်းဆက် မြှင့်တင်ရေးကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပေကျင်းမြို့ တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာပြပွဲစင်တာ (စွင့်ယီခန်းမ) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ယခု အခါကျင်းပသော ကုန်စည်ပြပွဲဟာ “ကမ္ဘာကြီးနှင့်ချိတ်ဆက်၍ အနာဂတ်ကို အတူတကွ ဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ပြပွဲအကျယ်အဝန်းဟာ စတုရန်းမီတာ ၁ သိန်းခန့်ရှိပါတယ်။ ခေတ်မီကုန်ထုတ်လုပ်မှုကွင်းဆက်၊ သန့်စင်စွမ်းအင်ကွင်းဆက်၊ စမတ်မော်တော်ယာဉ် ကွင်းဆက်၊ ဒစ်ဂျစ်တယ်သိပ္ပံနည်းပညာကွင်းဆက်၊ ကျန်းမာရေးလူနေမှုဆိုင်ရာ ကွင်းဆက်၊ အစိမ်းရောင်စိုက်ပျိုးရေးလုပ်ငန်းကွင်းဆက် အစရှိသော လုပ်ငန်းကွင်းဆက်ကြီး ၆ မျိုးနဲ့ ထောက်ပံ့မှု ကွင်းဆက် ဝန်ဆောင်မှု ဧရိယာများ စီစဉ်သွားမှာဖြစ်ပါတယ်။ ဒေါင်လိုက်ပြသ မှုမှာ သက်ဆိုင်ရာလုပ်ငန်းကွင်းဆက်များရဲ့အထက်အလယ်အောက်လုပ်ငန်းများရှိ ခေတ်မီ အတွေးအခေါ်များ၊ ထုတ်ကုန်နှင့်နည်းပညာများကို ပြသသွားမှာဖြစ်ပါတယ်။ ကန့်လန့်ဖြတ် ပြသမှုမှာ ငွေကြေးအာမခံ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ စီးပွားရေးဆိုင်ရာ တိုင်ပင် ဆွေးနွေးမှုနှင့်ဥပဒေစည်းမျဉ်းအစရှိသော အတွဲလိုက်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး ပါတယ်။လက်ရှိမှာ ကဏ္ဍအသီးသီးရဲ့ပြင်ဆင်မှုများ အဆင်ပြေစွာဆောင်ရွက်လျက်ရှိနေပြီး တရုတ်နိုင်ငံနှင့်ပြည်ပလုပ်ငန်းပေါင်း ၆၀၀ ကျော် ပါဝင်ပြသရန် အတည်ပြုပြီးပါပြီ။ ယင်းတို့ အနက် ပြည်ပမှ လာရောက်ပြသသူဟာ ၃၀ ရာခိုင်နှုန်းကျော်ရှိပြီး ပါဝင်ပြသသော နိုင်ငံ ပေါင်း ၆၀ နီးပါးရှိနေပါပြီ။ ဒုတိယကြိမ်မြောက် ကုန်စည်ပြပွဲကို နိုင်ငံဒေသပေါင်း ၁၀၀ ကျော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းမှ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရှင်များ လောကများမှ ပုဂ္ဂိုလ်များ တက်ရောက်ကြလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။
ဒုတိယကြိမ်မြောက် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှု ကွင်းဆက် မြှင့်တင်ရေးကုန်စည်ပြပွဲ (China International Supply Chain Expo (CISCE)) ကို ပေကျင်းမြို့တွင် မကြာမီကျင်းပတော့မည်
(GMT+08:00)2024-10-19 11:13:14