ပြည်လုံးဆိုင်ရာ ဒေတာစျေးကွက်အတွက် စည်းမျဉ်းစည်းကမ်းများကို အမြန်ဆုံး ချမှတ်မည်ဟု တရုတ် အမျိုးသား ဒေသရေးရာ စီမံခန့်ခွဲမှု ဌာနဆို

(GMT+08:00)2024-10-19 14:50:53  

 ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ၂၀၂၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ Data Ecosystem ကွန်ဖရင့်ကို ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည်။ ကွန်ဖရင့်တွင် တရုတ် အမျိုးသား ဒေသရေးရာ စီမံခန့်ခွဲမှုဌာန ဒုညွှန်ချုပ် Shen Zhulin က လက်ရှိ ဒေတာဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီး စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြတ်သားစေခြင်းနှင့် အားနည်းချက်များ ဖြည့်စွက်ခြင်းတို့ကို အဓိကထား ဆောင်ရွက်ကာ ဒေတာ ဆိုင်ရာ ပညာမူပိုင်ခွင့် စနစ်နှင့် ဒေတာ ဆိုင်ရာ ပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်း၊ အရည်အသွေးစီမံခန့်ခွဲခြင်း၊ တာဝန်ယူမှု သတ်မှတ်ခြင်း၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု ဆိုင်ရာ စီမံခန့်ခွဲခြင်း စသည့်ဘက်မှ တိကျသော စည်းမျဉ်း စည်းကမ်းများကို  အမြန်ဆုံး သတ်မှတ် ပြီး ပြည်လုံးဆိုင်ရာ ဒေတာစျေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။