အိန္ဒိယမှ ထိုင်ဝမ်အရေးကိစ္စကို ချင့်ချင့်ချိန်ချိန် သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် တရုတ် တိုက်တွန်း

(GMT+08:00)2024-10-18 11:31:10  

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မော်နင် သည် အောက်တိုဘာလ ၁၇ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီး ကျင်းပခဲ့ပါသည်။ ထိုင်ဝမ်ဒေသက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အသစ်ထားရှိသော အဖွဲ့အစည်းတစ်ခု တရားဝင်စတင်လည်ပတ်သည်ဟု ကြေညာခဲ့သည်၊ ၄င်းအဖွဲ့အစည်း သည် အိန္ဒိယနိုင်ငံတွင် ထားရှိသော ထိုင်ဝမ်ဒေသ၏ တတိယမြောက်အဖွဲ့အစည်း ဖြစ်သည်၊ တရုတ်နိုင်ငံအနေဖြင့် ယင်းကို မည်သို့ ဝေဖန်သုံးသပ်သနည်းဟု သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင် က ကမ္ဘာပေါ်တွင် တရုတ် ပြည်တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်ဒေသသည် တရုတ်ပိုင်နက် နယ်မြေ၏ ခွဲမရ သော အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေ ဖြင့် တရုတ်နိုင်ငံနှင့် သံတမန် အဆက် အသွယ် ထားရှိခဲ့သော မည်သည့် နိုင်ငံမဆို ကိုယ်စားလှယ်အဖွဲ့အစည်း ထားရှိခြင်း အပါ အဝင် ထိုင်ဝမ်ဒေသနှင့် မည်သည့်ပုံစံမျိုးဖြင့်မဆို အစိုးရထိတွေ့မှုနှင့် ကူးလူး ဆက်ဆံ မှု များ ပြုလုပ်ခြင်းကို  ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ အိန္ဒိယ  နိုင်ငံအား တည်ကြည် လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် အိန္ဒိယနိုင်ငံ၏ တည်ကြည်လေးနက်သော နိုင်ငံရေး ကတိပြုချက် ဖြစ်သကဲ့သို့ တရုတ်- အိန္ဒိယ ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်လည်း ဖြစ်ကြောင်း၊ အိန္ဒိယ နိုင်ငံမှ ကတိပြုချက်ကို လိုက်နာကျင့်သုံးပြီး ထိုင်ဝမ်အရေးကိစ္စကို ချင့်ချင့်ချိန်ချိန် သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ ထိုင်ဝမ်ဒေသနှင့် မည်သည့် အစိုးရ ပုံစံမျိုးနှင့်မှ ကူးလူးဆက်ဆံမှုများ မပြုလုပ်ဘဲ တရုတ်-အိန္ဒိယ ဆက်ဆံရေး ကောင်းမွန် တိုးတက်လာရေးဖြစ်စဉ်ကို အနှောင့် အယှက်မပေးရန် တရုတ်နိုင်ငံက တိုက်တွန်း ကြောင်း ပြောကြားခဲ့ပါသည်။