နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ အားသာချက်များကို အသုံးချပြီး အန်းဟွေးပြည်နယ်၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု ရှီကျင့်ဖိန်က အန်းဟွေးပြည်နယ်တွင် လေ့လာကြည့်ရှုစဉ် ပြောကြား

(GMT+08:00)2024-10-18 16:07:04  

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက အန်းဟွေး ပြည်နယ်၌ လေ့လာကြည့်ရှုခဲ့ရာတွင် အန်းဟွေးပြည်နယ်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံနှင့် အကြိမ် ၂၀ မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို နက်ရှိုင်းစွာ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ပြီး ဖွံ့ဖြိုး တိုးတက်ရေး အတွေးအခေါ်သစ်ကို ဘက်စုံ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ် ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ အားသာချက်များကို အသုံးချပြီး အရေးကြီးသည့် သြဇာသက်ရောက်မှု ရှိသည့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး အရင်း အမြစ်နေရာ၊ ထွန်းသစ်စ ကုန်ထုတ်လုပ်မှုများ စုစည်းရာနေရာ၊ ပြုပြင် ပြောင်း လဲရေးနှင့် တံခါးဖွင့်ရေး၏ ရှေ့တန်းနေရာ၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အစိမ်းရောင် ဘက်စုံ အသွင်ကူးပြောင်းရေးနေရာ ဖြစ်လာအောင် တည်ဆောက်ရေးနယ်ပယ်၌ အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး စည်းစနစ်သစ်တွင် နက်ရှိုင်းစွာ ပါဝင်ခြင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခြင်း၊ သာယာလှပသော အန်းဟွေးပြည်နယ်ကို ဘက်စုံ တည်ဆောက်ခြင်းတို့တွင် ပိုမို ကြီးမားသော တိုးတက်မှု သစ်များ ရရှိပြီး အန်းဟွေးပြည်နယ်၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်း ကဏ္ဍသစ်ကို  ဖွင့်လှစ်ရန် အတွက် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။