ဒေသစံတော်ချိန် အောက်တိုဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်း ဟားမတ်စ် ခေါင်းဆောင် Yahya Sinwar ၏ သေဆုံးမှုသည် ဂါဇာစစ်ပွဲအဆုံးသတ်၏အစဖြစ်ကြောင်း ၎င်း၏ လူမှုမီဒီယာ အကောင့်တွင် ဖော်ပြ ခဲ့သည်။
ပါလက်စတိုင်း ဟားမတ်စ် ခေါင်းဆောင် Yahya Sinwar သည် ဂါဇာ ကမ်းမြောင်တွင် အစ္စရေး စစ်တပ်၏ စစ်ဆင်ရေး၌ သေဆုံးသွားကြောင်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့နှင့် အစ္စရေး လုံခြုံရေး ဌာနချုပ်(Sin Bet) တို့က အောက်တိုဘာလ ၁၇ ရက်နေ့ ညက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းအရ သိရှိရသည်။