အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၁၆ ကြိမ်မြောက် BRICS နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံ ခေါင်းဆောင်များ အသိုင်းအဝိုင်းငယ်နှင့် အသိုင်းအဝိုင်းကြီး အစည်းအဝေးများ၊ "BRICS+" ခေါင်းဆောင်များ ဆွေးနွေးပွဲတို့ကို တက်ရောက်မည် ဖြစ်ပြီး အရေးကြီးသည့် မိန့်ခွန်းများ ပြောကြားမည် ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်သည် မျက်မှောက် နိုင်ငံတကာ အခြေအနေ၊ BRICS နိုင်ငံများ၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ၊ BRICS စနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတူတကွ အလေးထားကြသော အရေးကြီး ရေးရာများနှင့် ပတ်သက်ပြီး နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် နက်ရှိုင်းစွာ ဆွေးနွေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် "BRICS ကြီး ပူးပေါင်းဆောင်ရွက်မှု" ရေရှည် တည်ငြိမ်စွာ တိုးတက်မှုကို တွန်းအားပေးရန်၊ ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ ပူးတွဲ ရှင်သန် တိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ တွန်းအားပေးရန် ဘက်အသီးသီးတို့နှင့် အတူ ကြိုးပမ်းလိုကြောင်း ပြောကြားခဲ့ပါသည်။
၁၆ ကြိမ်မြောက် BRICS နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပမည်၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်ကို ဖော်ပြ
(GMT+08:00)2024-10-18 16:30:55