ရှီကျင့်ဖိန်သည် တရုတ် သယံဇာတ အရင်းအမြစ် ဆက်တိုက် အသုံးပြုရေး ကုမ္ပဏီ လီမိတက် အုပ်စု ဖွဲ့စည်း တည်ထောင်ခြင်းနှင့် ပတ်သက်ပြီး ညွှန်ကြားချက် ထုတ်ပြန်

(GMT+08:00)2024-10-18 15:16:23  

  မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ် သယံဇာတ အရင်းအမြစ် ဆက်တိုက် အသုံးပြုရေး ကုမ္ပဏီ လီမိတက် အုပ်စု ဖွဲ့စည်း တည်ထောင်ခြင်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါသည်။

   ရှီကျင့်ဖိန်က တရုတ် သယံဇာတ အရင်းအမြစ် ဆက်တိုက် အသုံးပြုရေး ကုမ္ပဏီ လီမိတက် အုပ်စု ဖွဲ့စည်း တည်ထောင်ခြင်းသည် ပါတီဗဟိုကော်မတီက ကာဗွန် ထုတ်လွှတ်မှုနည်းပါးပြီး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင် စီးပွားရေး စည်းစနစ် ပိုမို ပြည့်စုံကောင်းမွန်စေရေးနှင့် သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်မှုကို ဘက်စုံ တွန်းအားပေးရေးကို မူတည်ပြီး ပြုလုပ်သော အရေးကြီးသည့် မူဝါဒ စီမံချက် ဖြစ်ကြောင်း၊ တရုတ် သယံဇာတ အရင်းအမြစ် ဆက်တိုက် အသုံးပြုရေး ကုမ္ပဏီ လီမိတက် အုပ်စု အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို ဘက်စုံ တိကျမှန်ကန်စွာ ဖော်ဆောင် ရမည် ဖြစ်ပြီး ဘက်စုံ ချွေတာရေး မဟာဗျူဟာကို နက်ရှိုင်းစွာ ဖော်ဆောင်ရမည် ဖြစ်ကာ ဆက်တိုက် အသုံးပြုခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို ရတနာ အဖြစ် ပြောင်းလဲပြီး အသုံးပြုခြင်း တို့ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေး၊ တံခါးဖွင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို စွဲကိုင်ပြီး သယံဇာတ အရင်းအမြစ်များကို ဆက်တိုက် အသုံးပြုရေး ကွင်းဆက်များ ချောမောလာအောင် အားဖြည့် ဆောင်ရွက်ကာ ပြည်လုံးဆိုင်ရာ သယံဇာတအရင်းအမြစ်များ ပြန်လည် အသုံးပြုရေး ပလက်ဖောင်းကို တည်ဆောက်၍ တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် အားကောင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ခြင်းကို ဘက်စုံ တွန်းအားပေးရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေး အတွက် အပြုသဘောဆောင်သော အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   တရုတ် သယံဇာတ အရင်းအမြစ် ဆက်တိုက် အသုံးပြုရေး ကုမ္ပဏီ လီမိတက် အုပ်စု ဖွဲ့စည်း တည်ထောင်ရေး အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့က ထျန်ကျင်းမြို့၌ ကျင်းပခဲ့ပါသည်။