
အောက်တိုဘာလ ၁၇ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ အမြဲတမ်း ကိုယ်စားလှယ်များသည် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အရှေ့ဖျား ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အမှုဆောင် အေဂျင်စီ(UNRWA) ၏ လည်ပတ်မှုကို တားမြစ်ရေး ဥပဒေမူကြမ်းအား အစ္စရေးလွှတ်တော်က အတည်ပြုရန် ကြိုးပမ်းမှုကို သတိပေးခဲ့ကြပြီး ယင်းသည် ပါလက်စတိုင်းလူသန်းပေါင်းများစွာအပေါ် ပိုမို များပြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေမည်ဟု ပြောဆိုခဲ့ကြပါသည်။








