၂၀၂၄ခုနှစ် ပထမ ၉ လ အတွင်း တရုတ် GDP ပမာဏမှာ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၄.၈ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2024-10-18 14:17:42  

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ၂၀၂၄ခုနှစ် ပထမ ၉ လအတွင်း တရုတ် စီးပွားရေး လည်ပတ်မှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်။ နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်သော ဒေတာအရ ယခုနှစ် ပထမ ၉ အတွင်း တရုတ် GDP ပမာဏမှာ တရုတ် ယွမ်ငွေ ၉၄.၉၇၄၈ ထရီလီယံ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၄.၈ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းအရ သိရပါသည်။