တရုတ်-ရုရှား ပင်လယ်ကမ်းခြေစောင့်တပ်၏ "ပစိဖိတ်ကင်းလှည့်ရေး-၂၀၂၄" ပူးတွဲလေ့ကျင့် ကင်းလှည့်မှု အောင်မြင်စွာ ပြီးမြောက်

(GMT+08:00)2024-10-18 11:23:10  

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက တရုတ် ပင်လယ်ကမ်းခြေစောင့်တပ် သင်္ဘော အဖွဲ့သည် ရုရှားသင်္ဘောအဖွဲ့နှင့် ပူးပေါင်း ပြုလုပ်သည့် "ပစိဖိတ်ကင်းလှည့်ရေး-၂၀၂၄" စစ်ရေးလေ့ကျင့်မှုနှင့် ကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ကျိုးရှန်းဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။

အဆိုပါသင်္ဘောအဖွဲ့သည် စက်တင်ဘာလ ၁၃ ရက်နေ့က ကျိုးရှန်းဆိပ်ကမ်း မှ ထွက်ခွါခဲ့ပြီး ဂျပန်ပင်လယ်၊ Okhotsk ပင်လယ်၊ Bering ပင်လယ် နှင့် Chukchi ပင်လယ်တို့ကိုဖြတ်သန်းကာ အာတိတ်သမုဒ္ဒရာသို့ရောက်ရှိပြီး ၃၅ ရက် အ ကြာ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျိုးရှန်း ဆိပ် ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ယခုအကြိမ် လေ့ကျင့် ကင်းလှည့်မှုသည် တရုတ် ပင်လယ် ကမ်းခြေ စောင့်တပ် ၏ နှစ်စဉ်လေ့ကျင့်မှုအစီအစဉ်ဖြစ်ပြီး မည်သည့် ဒေသ သို့မဟုတ် နိုင်ငံကိုမျှ ရည်ညွှန်းခြင်း မဟုတ် ကြောင်း၊ နိုင်ငံတကာတရားဥပဒေ၊ ကျင့်ထုံးများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေနှင့် မသက်ဆိုင်ကြောင်း သတင်းအရ သိရှိရသည်။