ရှီကျင့်ဖိန်၏ မိန့်ခွန်းနှင့်ပတ်သက်ပြီး ပြည်သူများစိတ်အားထက်သန်စွာ တုံ့ပြန်

(GMT+08:00)2024-10-18 14:24:22  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မကြာသေးမီက ဖူကျန့်ပြည်နယ်ကို လေ့လာ ကြည့်ရှုခဲ့ပါသည်။ ထိုအချိန်တွင် ဖူကျန့်ပြည်နယ် Dongshan ခရိုင် Aojiao ရွာမှ ရွာသား Guo Handong  က  ကျွန်ုပ်အိမ်မှာ သမ္မတရှီကျင့်ဖိန်က ကျေးလက်မူဝါဒများဟာ အနာဂတ်တွင် တစ်နှစ် ထက် တစ်နှစ် ပိုကောင်းလာမည်ဟု ပြောကြားခဲ့ဖူးကြောင်း၊ ယခုနှစ်များတွင် ကျွန်ုပ်တို့၏ ကျေးရွာလုပ်ငန်းသည် ငါးဖမ်းခြင်းအပြင် မွေးမြူခြင်း၊ အချောကိုင်ခြင်း၊ ခရီးသွားခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ကာ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြောင်း၊ သမ္မတရှီကို ပြန်တွေ့တော့ အထူးစိတ်လှုပ်ရှားမိပါကြောင်း၊ သမ္မတရှီသည် ကျွန်ုပ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ချီးကျူးပြီး မိမိတို့ကလည်း အနာဂတ်အတွက် ယုံကြည်မှုပိုရှိလာကြောင်း ပြောကြားခဲ့ပါသည်။

Fujian ပြည်နယ် Dongshan ခရိုင် Aojiao ကျေးရွာ ပါတီကော်မတီ အတွင်းရေးမှူး Lin Huazhong က မိမိတို့သည် ပါတီအထွေထွေအတွင်းရေးမှူး၏ ညွှန်ကြားချက်များကို မှတ်သားထားရမည်ဖြစ်ပြီး ဒေသအခြေအနေအရ ဒေသဆိုင်ရာ ထူးခြားချက်ရှိသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရွာသားများအား အမြန်ဆုံး ဘုံသာယာဝပြောမှုရရှိရန် ဦးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။