ဂျပန်မှ ယာဆူကူနီ နတ်ကွန်းစသည့် သမိုင်းရေးရာအပေါ် ချင့်ချင့်ချိန်ချိန် ပြောဆိုလုပ်ဆောင်ရန် တရုတ် တိုက်တွန်း

(GMT+08:00)2024-10-18 11:30:29  

    တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် အောက်တိုဘာလ ၁၇ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီး ကျင်း ပ ခဲ့ပါသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် အီရှီဘာ ရှီဂီရူ သည် အောက်တို ဘာ လ ၁၇ ရက်နေ့က ယာဆူကူနီ နတ်ကွန်းတွင် ယဇ် ပူဇော်ခဲ့ သည်၊ တရုတ်နိုင်ငံက ယင်းကို မည်သို့ ဝေဖန် သုံးသပ် သနည်းဆိုသည့် သတင်း ထောက် ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင် က ယာဆူကူနီ နတ်ကွန်း သည် ဂျပန်စစ်ဝါဒီများမှ ပြည်ပနိုင်ငံများအား ကျူးကျော်မှုစစ်ပွဲ ဆင်နွှဲသည့် ဝိညာဉ် ကိရိယာနှင့် သင်္ကေတ ဖြစ်ကြောင်း၊ ယာဆူကူနီ နတ်ကွန်းတွင် ကျူးကျော်မှုစစ်ပွဲ၌ ပြင်းထန်ဆိုးဝါးစွာ ပြစ်မှုကျူးလွန်ခဲ့သော ထိပ်တန်း စစ်သည် ၁၄ ယောက်ကို ပူဇော်ထားကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် ကျူးကျော်မှုသမိုင်းကို ရဲရဲ ရင်ဆိုင်ပြီး ပြန်လည် ဆန်းစစ်သုံးသပ်ရန်၊ ယာဆူကူနီ နတ်ကွန်းစသည့် သမိုင်းရေးရာများအပေါ် ချင့်ချင့်ချိန်ချိန် ပြောဆိုလုပ်ဆောင်ရန်၊ စစ်ဝါဒီနှင့် လုံးဝခွဲခွာပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းရန်၊ လက်တွေ့ကျ လုပ်ဆောင် မှုများဖြင့် အာရှအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရယူရန် မိမိတို့တိုက် တွန်းကြောင်း ပြောကြားခဲ့ပါသည်။