တရုတ်ပင်လယ်ကမ်းခြေစောင့်ရဲတပ်ဖွဲ့သည် Diaoyu ကျွန်း ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဂျပန်သင်္ဘောကို ဥပဒေနှင့်အညီ နှင်ထုတ်

(GMT+08:00)2024-10-17 13:18:41  

တရုတ်ပင်လယ်ကမ်းခြေစောင့်ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ Liu Dejun က အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဂျပန်ငါးဖမ်းသင်္ဘော "Tsurumaru" သည် တရုတ်နိုင်ငံ Diaoyu ကျွန်း၏ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသောကြောင့် တရုတ်ပင်လယ်ကမ်းခြေ စောင့်ရဲတပ်ဖွဲ့မှ သင်္ဘောများက ဥပဒေနှင့်အညီ သတိပေးနှင်ထုတ် ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် Diaoyu ကျွန်းနှင့် ကပ်လျက်ကျွန်းများကို မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိပြီး ဂျပန်နိုင်ငံအား ၎င်း၏ချိုးဖောက်မှုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် လှုံ့ဆော်တိုက်တွန်းကြောင်း၊ တရုတ်ပင်လယ်ကမ်းခြေစောင့်ရဲတပ်သင်္ဘောများသည် တရုတ်နိုင်ငံ၏ ရေပိုင်နက်အတွင်း အခွင့်အရေးကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော်အချုပ်အခြာ အာဏာ၊လုံခြုံရေးနှင့် ပင်လယ်ဆိုင်ရာ အခွင့်အရေးများ နှင့် အကျိုးစီးပွားများကို ကာကွယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။