တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် မကြာသေးမီက ဖူကျန့်ပြည်နယ်တွင် လေ့လာ ကြည့်ရှုရာ၌ မိန့်ခွန်းပြောကြားရာတွင် ဖူကျန့်ပြည်နယ်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံနှင့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မျက်နှာစုံညီအစည်းအဝေး၏ အနှစ်သာရများကို သေချာစွာ အကောင်အထည်ဖော်ပြီး ဖွံ့ဖြိုးတိုးတက်ရေး သဘောတရား သစ်ကို ဘက်စုံအကောင်အထည်ဖော်ကာ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံဟူသော အခြေခံမူကို စွဲကိုင်ထားရမည် ဖြစ်ကြောင်း၊ စနစ် သွက်လက်ခြင်း၊ ကုန်ထုတ်လုပ်ငန်း ကောင်းမွန်ခြင်း၊ ပြည်သူလူထု ကြွယ်ဝချမ်းသာခြင်းနှင့် ဂေဟစနစ် သာယာခြင်းဟူသော ဖူကျန့်ပြည်နယ် တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သစ်ကို မလျှော့သောဇွဲဖြင့် စွဲကိုင်ထားပြီး မြေပုံတစ်ခုကို ဆုံးခန်းတိုင်အောင် ရေးဆွဲရမည် ဖြစ်ကြောင်း၊ ခေတ်မီစီးပွားရေးစနစ် အရှိန်မြှင့် တည်ဆောက်ရေးတွင် ပိုမိုကြီးမားသော တိုးတက်မှုများ ဆက်လက်ရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးအနေအထားသစ်ကို ဝန်ဆောင်မှုပေးရေးနှင့် ပေါင်းစပ်ရေးတို့တွင် ပိုမိုများပြားသော အကျိုးပြုစွမ်းဆောင်မှုများ ဆက်လက်ပြုလုပ်ကာ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသစ် ရှာဖွေရေးတွင် ပိုမိုကြီးမား သော ခြေလှမ်းများ ဆက်လက်လှမ်းလိုက်ပြီး အရည်အသွေးမြင့် နေထိုင်မှုဘဝ ဖန်တီးရေး တွင် ပိုမိုများပြားသော ထိုးဖောက်ကျော်လွှားခြင်းများ ဆက်လက်အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တက်ဘက်စုံဇောက်ချပြုလုပ်ပြီး အရည် အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံမြှင့်တင်ကာ တရုတ်အသွင်ပုံစံခေတ်မီရေး တည်ဆောက်မှုတွင် စွမ်းစွမ်းတမံ သူ့ထက်ငါဦးအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရှီကျင့်ဖိန် သည် ဖူကျန့်ပြည်နယ် ကျန်းကျိုးနှင့် ရှမင်းစသည့်ဒေသများသို့ သွားရောက်ပြီး ကျေးလက်ဒေသ၊ အနီရောင် ပညာရေးစခန်း၊ ရှေးဟောင်းယဉ်ကျေးမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဌာန၊ လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်စသည်တို့ကို လေ့လာကြည့်ရှုခဲ့ပါသည်။
ရည်မှန်းချက်ပန်းတိုင်ကို မလျှော့သောဇွဲဖြင့် စွဲကိုင်ထားပြီး မြေပုံတစ်ခုကို ဆုံးခန်းတိုင် အောင် ရေးဆွဲရမည် ဖြစ်သည်ဟု ဖူကျန့်ပြည်နယ်တွင် လေ့လာကြည့်ရှုရာ၌ ရှီကျင့်ဖိန် က အလေးထားပြောကြား
(GMT+08:00)2024-10-17 13:30:19