ယခုလ ၁၆ရက်နေ့က တရုတ်-မလေးရှား ပင်လယ် ပြဿနာ ဆိုင်ရာ နှစ်ဖက် ဆွေးနွေးပွဲ၏ ပထမဆုံး အကြိမ် အစည်းအဝေးကို မလေးရှား နိုင်ငံ Langkawiတွင် ကျင်းပခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချင်ရှောင်တုန်းနှင့် မလေးရှား အမျိုးသား လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ နူရှာဝမ်တို့သည် အစည်းအဝေးကို အတူတကွ ကြီးမှူး ကျင်းပခဲ့ကြပြီး နှစ်နိုင်ငံမှ အဏ္ဏဝါရေးရာနှင့် ပတ်သက်သော လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
နှစ်ဖက်တို့သည် တရုတ်-မလေးရှား ချစ်ကြည်ရေး ဆက်ဆံမှုကို မြင့်မားစွာ ချီးကျူးပြီး လက်ရှိ ပင်လယ် သမုဒ္ဒရာနှင့် ပတ်သက်သော အခြေအနေ၊ သက်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ကာ တရုတ်-မလေးရှား ပင်လယ်ဆိုင်ရာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပတ်သက်၍ ကူးလူးဖလှယ်ကာ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းအရ သိရသည်။