ဂျာမနီဝန်ကြီးချုပ် Scholz သည် တရုတ်လျှပ်စစ်ကားများအပေါ် ဥရောပသမဂ္ဂ၏ အခွန်တိုးကောက်ခြင်း ဆိုင်ရာ မူဝါဒကို ပြစ်တင်ဝေဖန်

(GMT+08:00)2024-10-17 13:23:20  

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဂျာမနီနိုင်ငံဝန်ကြီးချုပ် Scholz သည် ဂျာမနီလွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအပေါ် ဥရောပသမဂ္ဂ၏ အခွန် တိုးကောက်ခြင်းဆိုင်ရာ မူဝါဒကို ရှင်းရှင်းလင်းလင်း ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းက ဥရောပသမဂ္ဂတွင် နိုင်ငံ ၁၇ နိုင်ငံက ယင်းမူဝါဒကို မထောက်ခံကြောင်း၊ ဥရောပသမဂ္ဂမှ ကားထုတ်လုပ်ရေး လုပ်ငန်းများကလည်း ယင်းမူဝါဒကို ဆန့်ကျင်ခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။