လီချန် သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များကောင်စီ ၂၃ ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-10-17 13:35:25  

   အောက်တိုဘာလ ၁၆ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် သည် အစ္စလမ်မာဘတ်မြို့တွင် ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ အစိုးရ ခေါင်းဆောင် (ဝန်ကြီးချုပ်)များကောင်စီ ၂၃ ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
    လီချန် က ၂၀၂၄ ခုနှစ် ဇူလိုင်လ Astana ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် စည်းလုံးညီညွတ်ပြီး အပြန်အလှန်ယုံကြည်ကာ ငြိမ်းချမ်း တည်ငြိမ်သည့်၊ စည်ပင်သာယာပြီး ဖွံ့ဖြိုးတိုးတက်သော အိမ်နီးချင်းနိုင်ငံများနှင့် ခင်မင်ရင်းနှီးသည့်၊ တရားမျှတသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဘုံအိုးအိမ်ကို လက်တွဲတည်ဆောက်ရန် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ထိပ်သီးခေါင်းဆောင်များနှင့် သဘော တူညီမှုများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးတို့နှင့်အတူ ထိပ်သီး ခေါင်းဆောင်များ၏ သဘောတူညီမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ပြီး “ဘုံအိုးအိမ် ၅ခု” ဟူသောမျှော်မှန်းချက်ကို လက်တွေ့ကျအကောင်အထည်ဖော်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။