အာဖရိက၌ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ကူညီမှုများ

(GMT+08:00)2024-10-17 10:01:48  

 အမေရိကန်ရဲ့ အာဖရိကနိုင်ငံများအပေါ် ကတိပြုချက် မနည်းပါဘူး၊ ဒါပေမဲ့ တော်တော်များများဟာ နောက်ဆုံးမှာ ဗလာကတိခံချက် ဖြစ်ခဲ့ရတယ်။ နိုင်ငံကြီးများ ယှဉ်ပြိုင်မှု ပြင်းထန်လာပြီး နိုင်ငံတကာ ဖွဲ့စည်းပုံ အခြေအနေ နက်ရှိုင်းစွာ ပြောင်းလဲနေတဲ့ ယနေ့မှာ အမေရိကန်ရဲ့ အာဖရိက ဖွံ့ဖြိုးတိုးတက်မှု ထောက်ခံရေးဆိုင်ရာ ကတိကဝတ်များ ဘယ်လောက် ဖော်ဆောင်နိုင်မလဲလို့ လူတွေက မေးခွန်း ထုတ်ကြပါတယ်။

   ပြီးခဲ့တဲ့နှစ် ၅၀ ကျော်အတွင်း နိုင်ငံတကာ အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ အမေရိကန်ရဲ့ အာဖရိကအပေါ် သဘောထားဟာ အလေးထားမှု၊ လျစ်လျူရှုမှု၊ အလေးပြန်ထားမှု စတဲ့ ဖြစ်စဉ်တွေကို ဖြတ်သန်းခဲ့ဖူးတယ်။

   စစ်အေးကာလမှာ ဆိုဗီယက် ပြည်ထောင်စုနဲ့ အားပြိုင်ဖို့အတွက် ပြီးခဲ့တဲ့ရာစုနှစ် ၁၉၅၀ ပြည့်နှစ်များ အလယ်ပိုင်းကာလက စတင်ပြီး အမေရိကန်က အာဖရိကနိုင်ငံများအား စီးပွားရေး ထောက်ပံ့မှုများကို အားဖြည့်ခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့တာနဲ့ အာဖရိကနိုင်ငံများရဲ့ ကိုယ်တိုင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကြောင့် အမေရိကန်အဖို့ အာဖရိကရဲ့ အရေးကြီးမှုဟာ ကျဆင်းလာခဲ့တယ်။ ကလင်တန်ခေတ် ရောက်တော့ အာဖရိကနိုင်ငံများရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး သြဇာသက်ရောက်မှု တိုးမြင့်လာတာနဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဆိုင်ရာ မဟာဗျူဟာများ ပြောင်းလဲခဲ့တာနဲ့ အမျှ အမေရိကန်ဟာ အာဖရိကနိုင်ငံများရဲ့ သယံဇာတဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည် တိုးမြှင့်လာပြီး အာဖရိကနိုင်ငံများနဲ့ ဆက်ဆံမှုကို အမျိုးအစားသစ် မိတ်ဖက်ဆက်ဆံမှု အဖြစ် သတ်မှတ် ခဲ့တယ်။ ဒီနောက်မှာလည်း George Walker Bush အစိုးရမှ Biden အစိုးရအထိ အမေရိကန်ရဲ့ အကြိမ်ကြိမ်သော အစိုးရတို့ ဗားရှင်း မတူသော အာဖရိကအပေါ် မူဝါဒ သို့မဟုတ် ဥပဒေကြမ်းတွေကို ထုတ်ပြန်ခဲ့ပြီး အာဖရိကနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဖို့ ကြံဆခဲ့တယ်။

   အမေရိကန်က ကမ္ဘာပေါ်မှာ အကြီးဆုံးသော နိုင်ငံခြားအား ထောက်ပံ့ကူညီရေး နိုင်ငံ လို့ ကိုယ့်ကိုယ်ကို ခေါ်ဝေါ်နေတယ်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒီနှစ် သြဂုတ်လမှာ အမေရိကန်က ဆာဟာရာ တောင်ပိုင်း အာဖရိက ဒေသများအား လူသားချင်း စာနာထောက်ထားရေး ကယ်ဆယ်မှု ဒေါ်လာ ၅၃၆ သန်း ထပ်လောင်း တိုးဖြည့်ခဲ့ပြီး ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အဲဒီဒေသမှာ စာနာထောက်ထားရေး ကယ်ဆယ်မှု စုစုပေါင်းပမာဏဟာ ဒေါ်လာ သန်း ၃၇၀၀ နီးပါး ရှိပြီလို့ ဖော်ပြခဲ့တယ်။

   အဲဒီ ထောက်ပံ့ကြေးများဟာ အာဖရိက ပြည်သူများသာ အကျိုးခံစားစေတယ်လို့ ယူဆရင် အမှားကြီး မှားသွားမှာပါ။ ထောက်ပံ့ကြေးထဲမှာ တော်တော်များများဟာ အမေရိကန် ကိုယ်တိုင်သာ ကြားဖြတ် အသုံးပြုခဲ့တယ်။ အမေရိကန်ရဲ့ ကျွမ်းကျင်သူအဖွဲ့ အမြောက်အမြားရဲ့ အာဖရိကမှာ အသုံးစရိတ်များရော၊ အမေရိကန်ရဲ့ အမျိုးမျိုးသော အာဖရိကမှာ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုများဆိုင်ရာ အသုံးစရိတ်များပါမကျန် ဂဏန်း ကြီးမားတဲ့ အသုံးစရိတ် တော်တော်များများဟာ ထောက်ပံ့ကြေးထဲကနေ သုံးစွဲရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထောက်ပံ့ကူညီမှုထဲမှာ အစိုးရ ဆန့်ကျင်ရေး အဖွဲ့အစည်းများအား ထောက်ခံကူညီတာတောင် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒါဟာ အာဖရိက ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကျိုး မရှိတဲ့အပြင် အာဖရိကနိုင်ငံတစ်ချို့ရဲ့ ပြည်တွင်း အေးချမ်းရေးကိုပါ နှောင့်ယှက်ခဲ့ပါတယ်။

   ထောက်ပံ့ကူညီမှုရော၊ ရင်းနှီးမြှုပ်နှံမှုရော အများစုကတော့ အမေရိကန်ရဲ့ ကိုယ်ကျိုးစီးပွား ဖော်ဆောင်ဖို့အတွက် နိုင်ငံရေးရှိုးပဲ ဖြစ်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။