ဖုန်လိယွမ်သည် ၂၀၂၄ခုနှစ် UNESCO မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေး ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-10-17 13:26:39  

၂၀၂၄ခုနှစ် UNESCO မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေး ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သည်။ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ၊ UNESCO  မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေး မြှင့်တင်ရေးဆိုင်ရာ အထူးသံတမန် ဖုန်လိယွမ်သည် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့သည်။

ဖုန်လိယွမ်က ယူဂန်ဒါ နှင့် ဇမ်ဘီယာ တို့မှ ဆုရ အဖွဲ့အစည်းများအား ဂုဏ်ပြုမှုဖော်ပြပြီး ဆုမွန်ကောင်းတောင်းလိုက်ကြောင်း၊ ဘက်အသီးသီးတို့နှင့်အတူ ဘက်ပေါင်းစုံမှ အင်အားကို စုစည်းပြီး ကျားမတန်းတူညီမျှရေးကို အကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံတကာ အမျိုးသမီးရေးရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက် ကြိုးပမ်းလိုကြောင်း ဖော်ပြပါသည်။