ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံတကာတက္ကသိုလ်ကျောင်းသားများဆန်းသစ်တီထွင်ရေးပြိုင်ပွဲ တွင် ပါဝင်သည့် ကျောင်းသားကိုယ်စားလှယ်များအား စာပြန်

(GMT+08:00)2024-10-17 14:36:55  

 မကြာသေးမီက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံတကာတက္ကသိုလ်ကျောင်းသားများဆန်းသစ်တီထွင်ရေးပြိုင်ပွဲတွင် ပါဝင်သည့် ကျောင်းသားကိုယ်စားလှယ်များအား စာပြန်ခဲ့သည်။

 ရှီကျင့်ဖိန်က ဆန်းသစ်တီထွင်မှုသည် လူသားတိုးတက်မှု၏အရင်းမြစ်ဖြစ်ပြီး လူငယ်များသည် ဆန်းသစ်တီထွင်မှုတွင် အရေးကြီးသော စွမ်းအားဖြစ်ကြောင်း၊ ခင်ဗျားတို့က သိပ္ပံပညာစိတ်ဓာတ်ထွန်းကားစေပြီး သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ တရုတ်နှင့် ပြည်ပနိုင်ငံများကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ်မှုများကို မြှင့်တင်ရန်နှင့် သိပ္ပံနည်းပညာ တိုးတက်မှုကို မြှင့်တင်ရန်အတွက် လူငယ်များ၏ ခွန်အားကို ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။