မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏တောင်ပိုင်းနယ်စပ်နှင့် တောင်ကိုရီးယားကို ဆက်သွယ်ထားသောကားလမ်းနှင့်ရထားလမ်းများကို လုံးဝပိတ်လိုက်ပြီဖြစ်ကြောင်း မြောက် ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါသည်။
သတင်းအရ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ဆက်သွယ်ထားသည့် မြောက်ကိုရီးယားဘက်ခြမ်းရှိ ကားလမ်းနှင့်ရထားလမ်းများကို ဖောက်ခွဲမှုများဖြင့် လုံးဝဖြတ်တောက်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် တောင်ကိုရီးယားကို လုံးဝရန်လိုသော နိုင်ငံအဖြစ် သတ်မှတ်ထားသည့် မြောက်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေ၏ လိုအပ်ချက်အရ မြောက်ကိုရီးယားက တရားဝင် ဆောင်ရွက်ချက် ပြုလုပ်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား နယ်မြေနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ဖောက်ခွဲမှုသည် အနီးတစ်ဝိုက်ဂေဟပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိကြောင်း၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားကြား ဆက်သွယ်ထားသည့် လမ်းကြောင်းများ လုံးလုံးလျားလျား ပြတ်တောက်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။