“ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ကံကြမ္မာတူညီသော စည်ပင်သာယာသည့် ကမ္ဘာကို လက်တွဲတည်ဆောက်ခြင်း” ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ တတ်သိပညာရှင်များအဖွဲ့ ဖိုရမ်ကို ပေကျင်းမြို့၌ ကျင်းပ

(GMT+08:00)2024-10-17 13:36:42  

၂၀၂၄ခုနှစ် BRICSနိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပတော့မည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီးဌာန နှင့် China Media Groupတို့ ပူးတွဲကျင်းပပြီး CMG CGTNမှ တာဝန်ယူ ကျင်းပသော “ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ကံကြမ္မာတူညီသော စည်ပင်သာယာသည့် ကမ္ဘာကို လက်တွဲတည်ဆောက်ခြင်း” ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ တတ်သိပညာရှင်များအဖွဲ့ ဖိုရမ်ကို အောက်တိုဘာလ ၁၆ရက်နေ့က ပေကျင်းမြို့၌ ကျင်းပခဲ့ ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး Liu Jianchao၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiongတို့သည် ဗီဒီယိုဖြင့် အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြကြောင်း၊ တစ်ကမ္ဘာလုံး နိုင်ငံ ၇၆နိုင်ငံမှ နိုင်ငံရေး နယ်ပယ်က အရှိန်အဝါကြီးသူများ နှင့် အစိုးရ ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များ၊ မီဒီယာကိုယ်စားလှယ်များသည် online နှင့် offline ဖြင့် ယင်းဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Liu Jianchaoက တရုတ်နိုင်ငံသည် တောင်ဘက်ခြမ်းနိုင်ငံများနှင့် အမြဲတမ်းရင်းနှီးစွာ စည်းလုံးညီညွတ်ကြပြီး “ကမ္ဘာ့ တောင်ဘက်ခြမ်း”တာဝန်ယူတတ်ခြင်းကို အတူပြသကြကာ တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေးကမ်းလှမ်းချက်၊ တစ်ကမ္ဘာလုံးလုံခြုံရေးကမ်းလှမ်းချက်၊ တစ်ကမ္ဘာလုံး ယဉ်ကျေးမှုကမ်းလှမ်းချက်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးကြ၍ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်မှုကို တွန်းအားပေးရန်အတွက် ပိုမိုကြီးမားသော “ကမ္ဘာ့ တောင်ဘက်ခြမ်း”အင်အားကို စုစည်းကြကြောင်း ပြောကြားခဲ့ပါသည်။

Shen Haixiongက China Media Groupသည် တရုတ်နိုင်ငံနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများအကြား ကူးလူးဖလှယ်ရေးနှင့် ဆွေးနွေးမှု၊ အပြန်အလှန် အတုယူမှု ပြုလုပ်သော ပေါင်းကူးတံတား ကို တက်ကြွစွာ ထူထောင်မည်ဖြစ်ကြောင်း၊ “ကမ္ဘာ့ တောင်ဘက်ခြမ်း” တတ်သိပညာရှင်များအဖွဲ့မှ ပူးပေါင်းဆောင်ရွက်မှုအကျိုးတူရရှိရေးနှင့် တရားမျှတမှု တိုးမြှင့်ရေးကို တွန်းအားပေးရန် အသံများအတွက် ဖြန့်ဖြူးရေး ပလက်ဖောင်းကို တက်ကြွစွာ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။