နိုင်ငံတကာမိသားစုကြီးအား ကိုလိုနီဝါဒ၏ အန္တရာယ်များကို ရှင်းပစ်ရန် တရုတ်နိုင်ငံက ပန်ကြား

(GMT+08:00)2024-10-17 13:28:38  

ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ဒုတိယကိုယ်စားလှယ် ကင်စွမ်သည် ၁၆ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ စတုတ္ထကော်မတီမှ ယေဘုယျအချေအတင် ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ရာ နိုင်ငံတကာမိသားစုကြီးက ကိုလိုနီ ဝါဒ၏ အန္တရာယ်များကို ရှင်းပစ်ရန်၊ ကိုလိုနီဝါဒ၏ အမွေဆိုးများကို ဖျက်သိမ်းရန်၊ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ရန်နှင့် ပိုမိုတရားမျှတပြီး တရားနည်းလမ်းကျသော နိုင်ငံတကာ စည်းစနစ် ထူထောင်ရေးကို တွန်းအားပေးရန် တရုတ်နိုင်ငံက အလေးအနက် ပန်ကြားကြောင်း ပြောကြားသည်။