ရှီကျင့်ဖိန်သည် ၂၀၂၄ ခုနှစ် အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် ဆုချီးမြှင့် ညစာစားပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-10-16 14:20:14  

အောက်တိုဘာလ ၁၅ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၄ ခုနှစ် အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် ဆုချီးမြှင့် ညစာစားပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်သည် တရုတ်နှင့်အမေရိကန်ကြား နယ်ပယ်အသီးသီးတွင် ကူးလူးဖလှယ်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ အမေရိကန်-တရုတ်ဆက်ဆံရေးပြည်လုံး ဆိုင်ရာကော်မတီ၏ ကြိုးပမ်း အားထုတ်မှုအတွက် ချီးကျူးစကားပြောကြားခဲ့ ပြီး ဆုရရှိခဲ့သည့် William Ford အား ဂုဏ်ပြုခဲ့ သည်။

ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး နှစ်ဖက်ဆက်ဆံရေးတစ်ခုဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ သာယာဝပြောရေးနှင့် လူသားများ၏ ကံကြမ္မာနှင့် ဆက်စပ်နေကြောင်း၊ အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ Win-Win ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူများနှင့်အညီ တရုတ်-အမေရိကန် ဆက်ဆံရေးကို တရုတ်နိုင်ငံက အမြဲတမ်း ကိုင်တွယ် ဆောင်ရွက် လျက် ရှိပြီး တရုတ်နိုင်ငံသည် အမေရိကန်နှင့် မိတ်ဖက်မိတ်ဆွေဖြစ်လိုကြောင်း၊ ၎င်းသည် နှစ်နိုင်ငံကို အကျိုးပြုရုံသာမက ကမ္ဘာအတွက်လည်း အကျိုးဆောင်ပေးနိုင်ကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံး ဆိုင်ရာကော်မတီနှင့် အလွှာပေါင်းစုံမှ မိတ်ဆွေ များသည် တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆက်လက် ဂရုစိုက်ပြီး ထောက်ခံကာ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေကာ ကမ္ဘာအတွက် တည်ငြိမ်ရေးနှင့် အပြု သဘောဆောင်သော အချက်များ ဖြည့်သွင်းပေးရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့ သည်။

ထိုနေ့တွင်ပင် အမေရိကန်သမ္မတ ဘိုင်ဒန်ကလည်း ၂၀၂၄ ခုနှစ် အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် ဆုချီးမြှင့် ညစာစားပွဲသို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။