တပ်မတော်တစ်ရပ်လုံး စစ်ရေး သီအိုရီ လုပ်ငန်းအစည်းအဝေးကို အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က စစ်ရေး သီအိုရီ ခေတ်မီရေးသည် နိုင်ငံတော်နှင့် တပ်မတော် ခေတ်မီရေး၏ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ပြီး တပ်မတော် အင်အား တောင့်တင်း စေရေးလုပ်ငန်းစဉ်တွင် အရေးကြီးသည့် ဦးဆောင်လမ်းပြ အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် နေကြောင်း၊ ခေတ်သစ် ခရီးစဉ်သစ်တွင် ကမ္ဘာကြီး၏ ရာစုနှစ် ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်နေပြီး စစ်ရေး တော်လှန်ရေးသစ် အရှိန်ကောင်းမွန်စွာ တိုးတက်လာကာ တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက် များ သည် နက်ရှိုင်းစွာ ပြောင်းလဲလာ၍ တပ်မတော် အင်အား တောင့်တင်းစေရေး ရည်မှန်းချက် တာဝန်များ ဖော်ဆောင်ခြင်းသည် ပိုမို အရေးတစ်ကြီး ဖြစ်လာသဖြင့် စစ်ရေး သီအိုရီလုပ်ငန်းကို ဘက်စုံ အားဖြည့်ရမည် ဖြစ်ကြောင်း၊ ခေတ်သစ်တွင် တပ်မတော် အင်အား တောင့်တင်းစေရေး အတွေးအခေါ်နှင့် ခေတ်သစ်တွင် စစ်ရေးဗျူဟာများကို အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ခေတ်မီ စစ်ရေး သီအိုရီ စည်းစနစ်ကို တည် ဆောက်ကာ တပ်မတော် တည်ဆောက်ရေးဆိုင်ရာ နှစ်တစ်ရာ ကြိုးပမ်း ဆောင် ရွက်ရေး ရည်မှန်းချက် ဖော်ဆောင်စေရန်နှင့် ကမ္ဘာ့ ရှေ့ပြေး တပ်မတော် ဖြစ်လာအောင် လျင်မြန်စွာ တည်ဆောက်ရန်အတွက် သိပ္ပံနည်းကျသော အထောက်အကူနှင့် ဦးဆောင်မှုကို ပံ့ပိုး ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။