တရုတ်နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ "ပထမဆုံးအကြိမ်" နှစ်ခု

(GMT+08:00)2024-10-16 14:19:26  

 တရုတ်နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ နောက်ဆုံး စာရင်းအရ ယခုနှစ် ပထမ ၉ လ အတွင်း တရုတ်နိုင်ငံ၏ ကုန်စည် သွင်းကုန် ပို့ကုန် စုစုပေါင်း ပမာဏသည် ယွမ် ၃၂.၃၃ ထရီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ယင်းတို့အနက် ပို့ကုန် ပမာဏသည် ၆.၂ ရာခိုင်နှုန်း တိုးလာပြီး သွင်းကုန် ပမာဏသည် ၄.၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။

  ယင်းစာရင်းတွင် "ပထမဆုံးအကြိမ်" နှစ်ခုသည် အာရုံစူးစိုက်ရာပင် ဖြစ်သည်။ ယင်းတို့သည် သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏ သမိုင်း၌ ပထမဆုံးအကြိမ် ၃၂ ထရီလီယံကို ကျော်လွန်ခဲ့ခြင်းနှင့် သုံးလပတ်တိုင်း သွင်းကုန်ပို့ကုန် ပမာဏ တစ် ထရီလီယံကို ကျော်လွန်ပြီး သုံးလပတ်တိုင်း ဆက်တိုက် တိုးမြင့်လာခဲ့ခြင်းပင် ဖြစ်သည်။

   ကျွမ်းကျင်ပညာရှင်များက ပြီးပြည့်စုံသော ကုန်ထုတ်လုပ်မှုကွင်းဆက်၊ စီးပွားရေး အတိုင်းအတာ ကြီးမားခြင်းနှင့် နည်းပညာ လျင်မြန်စွာ တိုးတက်လာခြင်းတို့၏ ကျေးဇူး ကြောင့် တရုတ် ထုတ်ကုန်များသည် အားကောင်းသော ယှဉ်ပြိုင်စွမ်းအား ရှိပြီး နိုင်ငံ တကာ မှာ ဈေးကွက်များ ဆက်တိုက် တိုးချဲ့နိုင်ရန်အတွက် အခြေခံနှင့် အာမခံချက်များကို ဖန်တီးနိုင်ခဲ့ကြောင်း၊ တရုတ်စီးပွားရေး အခြေခံ ခိုင်ခံ့ခြင်း၊ စီးပွားရေး တိုးမြှင့်ရေးဆိုင်ရာ မူဝါဒများ အားကောင်းလာခြင်း၊ နိုင်ငံခြား ကုန်သွယ်မှုဆိုင်ရာ အပြုသဘောဆောင်သော အချက်များ တိုးများလာခြင်းနှင့် ယခုလောလောဆယ်တွင် ပြည်ပနိုင်ငံများ၏ ဝယ်လိုအား နာလန်ပြန်ထူလာခြင်းတို့သည် တရုတ်နိုင်ငံ၏ ပို့ကုန် တိုးတက်ရေးအတွက် အခြေ အနေ ကောင်း ဖန်တီးပေးလိုက်ကြောင်း သုံးသပ်ထားပါသည်။

တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် သွင်းကုန် တိုးချဲ့မှု ဆောင်ရွက်ချက်များ ပြုလုပ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့နှင့် ဈေးကွက်နှင့် အခွင့်အလမ်းသစ်များကို အတူ မျှဝေ ခဲ့ကာ ယခုနှစ် ပထမ ၉ လအတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်ပမာဏသည်လည်း သုံးလပတ်တိုင်း ဆက် တိုက် တိုးမြင့်လာကာ ကမ္ဘာ့နိုင်ငံနှင့်ဒေသ ၁၆၀ ကျော်တို့နှင့်အတူ ကုန်သွယ်မှုပမာဏ တိုးမြင့်လာနိုင်ခဲ့သည်။

   နိုင်ငံခြားကုန်သွယ်မှုသည် နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုက္ကလံပင် ဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ဆက်တိုက် အရှိန်ကောင်းမွန်စွာ တိုးတက် လာခြင်းသည် တရုတ်စီးပွားရေး၏ ခိုင်ခံ့မှုနှင့် ရှင်သန်မှုကို ပြသနေပါသည်။ ဘက် အသီး သီးတို့၏ အမြင်အရ တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအဖို့ ဆွဲဆောင်မှုအား ရှိသည့် ဈေးကွက်ကြီး ဖြစ်မြဲ ဖြစ်နေကာ နိုင်ငံတကာ ကုန်သွယ်မှု နာလန် ပြန်ထူရေးဆိုင်ရာ အရေးကြီးသည့် တွန်းအားနှင့် နိုင်ငံတကာ စီးပွားရေး တိုးတက်မှုဆိုင်ရာ အကြီးဆုံးသော အင်ဂျင်လည်း ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။